ရမက်
ဟောင်းနွမ်းလာတဲ့ ညနေ …
နှင်းတွေဝေတဲ့ လမင်း …
ကြယ်တွေ ညကိုစပြီး ခင်းကျင်းတဲ့ အချိန် …
မှိန်ဝါးဝါး ဆောင်းရယ် …
မှုန်ဝါးဝါး မှတ်ဥာဏ်တွေရယ် …
မူးဝေနေတဲ့ သီချင်းတစ်ပုဒ်ရယ် …
အသံတွေ အကုန်လုံးကို စုတ်ထုတ်လိုက်ရင် ကမ္ဘာကြီးပိုငြိမ်းချမ်းသွားမလား …
ကြားနေကျအလွမ်းသီချင်းတွေ မရှိရင်ရော နေတတ်ပါ့မလား …
မသေချာ မရေရာမှုတွေနဲ့ …
အမြဲတမ်း ချိုင့်ခွက်နေတဲ့ ဒီလောကကြီးထဲ …
စကြာဝဠာ ပြိုလဲပေးပါ …
မောင်မောင်စ
၁၃၇၀
Subscribe to:
Post Comments (Atom)

No comments:
Post a Comment